သရက်မြို့ပေါ်ရှိ "ရွှေပန်ဒါ" ပဲကြော်လုပ်ငန်းအား ကွင်းဆင်းလေ့လာခြင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၁၀.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် သရက်မြို့ပေါ်ရှိ ရွှေပန်ဒါအမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ရောင်းချ နေသော ပဲကြော်လုပ်ငန်းအလုပ်ရုံသို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

    ကုန်ကြမ်းကို သရက်မြို့ပေါ်ရှိပွဲရုံများမှဝယ်ယူပြီး (၁)တင်းလျှင် ကျပ်(၈၅၀၀၀ မှ ၉၅၀၀၀)ထိ ပေးရကြောင်း၊ (၁)လလျှင် ကုန်ကြမ်း တင်း(၁၅၀ မှ ၂၀၀ ထိ) အသုံးပြုရကြောင်း၊ ကုန်ကြမ်းပဲကြီး (၁)တင်းလျှင် ကုန်ချောပိဿာချိန် (၁၅)ပိဿာမှ (၁၆)ပိဿာအထိ ထွက်ရှိပြီး တစ်လလုံး ကုန်ချော ထွက်ရှိမှုမှာ ပဲကြီးလှော်၊ ပဲခြမ်းကြော်ပိဿာချိန်(၂၂၅၀ မှ ၂၅၆၀ ထိ)ထွက်ရှိကြောင်း၊ (၁)လလျှင် ဆီပိဿာချိန်(၃၈၀ မှ ၄၂၀)ပိဿာထိ အသုံးပြုရကြောင်း၊ လုပ်သားအင်အားအနေဖြင့် (၅)ဦးရှိပြီး  တစ်ရက်လျှင် လုပ်အားခ အမျိုးသား(၁)ဦးလျှင် ကျပ်(၁၅၀၀၀)၊ အမျိုးသမီး(၁)ဦးလျှင် ကျပ် (၈၀၀၀)ပေးချေရကြောင်း၊ ပဲခြမ်းကြော်(၁)ပိဿာလျှင် ကျပ်(၉၅၀၀)၊ ပဲကြီးလှော်(၁)ပိဿာလျှင် ကျပ်(၈၀၀၀)ဖြင့် ရောင်းချကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်မြို့၊ အောင်လံမြို့တို့၏ တဆင့်ပြန်လည် ထုပ်ပိုးရောင်းချသည့်ဈေးသည်များမှ မှာယူသည့်အရေအတွက်အတိုင်း ပေးပို့ရကြောင်း သိရှိရသည်။

DOCA(မကွေး)