မြောက်ဒဂုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   ရန်ကုန် အရှေ့ပိုင်းခရိုင်စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် (၁၁-၇-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)အချိန်တွင် မြောက်ဒဂုံမြို့နယ် အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍  PPRD မှ သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း  ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များ၏ LED ဘုတ်တွင် ယနေ့ရောင်းဈေးတစ်လီတာလျှင် (92-၂၉၆၀ကျပ်)၊ (95-၃၀၁၀ကျပ်)၊ (HSD-၂၆၃၅ကျပ်)၊ (PHSD-၃၂၆၅ကျပ်)တို့ဖြင့် ရောင်းချနေကြောင်းတွေ့ရှိရပြီး၊ စက်သုံးဆီရောင်းချမှု အခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင်အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေး အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)