အလှကုန်ပစ္စည်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေး အရာရှိ)နှင့် ဝန်ထမ်း (၂)ဦးသည် ဗိုလ်တထောင်ခရိုင် သာကေတမြို့နယ်အတွင်းရှိ အလှကုန် ပစ္စည်းအရောင်းဆိုင်များအား ၁၀.၇.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အလှကုန်ပစ္စည်းအရောင်းဆိုင်များအား စစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)တွင်ပါရှိသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် စပ်လျဉ်းပြီး (၁၀) ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ ပါရှိခြင်းရှိ/မရှိ၊ (၁၀)ဂရမ်အထက် အလှကုန်ပစ္စည်းအမျိုးမျိုးတွင် အမျိုးအမည်၊ အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်းပါရှိခြင်း ရှိ/ မရှိ စစ်ဆေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ ဥပဒေအခန်း(၁၁)ပါ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ဆိုင်ရာ အချက်အလက်များကို ‌ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)