
စားသုံးသူရေးရာဦးစီးဌာန ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တောင်လေးလုံးကျေးရွာ အမှတ်(၄)ရဲသင်တန်း ကျောင်း၌ စားသုံးသူအသိပညာပေး ဟောပြောပွဲကို ကျင်းပခဲ့ပါသည်။ထိုဟောပြောပွဲသို့ သင်တန်းသား/သင်တန်းသူများနှင့် မိသားစုဝင် စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ရှမ်းပြည်နယ်ဦးစီးမှူး ဦးရွှေဖြူက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ထူးအိန္ဒြာဗိုလ်က စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူအခွင့်အရေး နှင့် တာဝန်များ၊ ကုန်စည် တစ်ခုကိုဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့် အချက်များ၊ ဘေးအန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန်သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသားပါ အချက်အလက်များကို ရှင်းလင်းဟောကြား ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပြည်နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးဥပဒေ စာအုပ်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး ဟောပြောပွဲ အခမ်းအနားကို (၁၁:၀၀)နာရီအချိန်တွင် ပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရှမ်း)