အောင်ပန်းမြို့ရှိ နယ်စပ်‌ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းအား အသိပညာပေးဟောပြောပွဲကျင်းပခြင်း

Powered by Drupal

     ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း) မှဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် နယ်စပ် ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း ၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမ နှင့် သင်တန်းသား/သူ စုစုပေါင်း (၇၀) ဦးအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ယင်းဟောပြောပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလောခရိုင်ဦးစီးမှူးရုံး(အောင်ပန်း)မှ ဦးစီးအရာရှိသည် စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းနှင့် ပတ်သက်၍ ဆရာ/ဆရာမ နှင့် သင်တန်းသား/သူများအား စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ စားသုံးသူ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်နှင့်ဝတ္တရားများ၊ ကုန်စည် တစ်ခုကို ဝယ်ယူမည်ဆိုပါက စစ်ဆေးကြည့်ရှုရမည့်သိသင့်သိထိုက်သည့်အချက်များ၊ ဘေးဥပါဒ် အန္တရာယ် ဖြစ်စေနိုင်သည့် အစားအစာများနှင့် စားသုံးရန် သင့်/မသင့် သိရှိသင့်သည့် ကုန်အညွှန်းအမှတ်အသား ပါအချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)