
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် (၅.၇.၂၀၂၅) ရက်နေ့တွင် မြန်အောင် မြို့နယ်၊ အင်ပင်ကျေးရွာအုပ်စုရှိ တောင်သူစိုက်ဧက(၄)ဧကတွင် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေး ဆာဖိုးသာမျိုး ပျိုးထောင်စိုက်ပျိူးခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံရာတွင် တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးနှင့် တစ်ဧက အထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်း၊ မျိုးသန့် စပါးများ ရွေးချယ်စိုက်ပျိုးရေး၊ မျိုးစပါး ပန်းတိုင်အထွက်နှုန်း တိုးတက်ရရှိရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေးပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေး တိုကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲသည် အင်္ဂပူမြိုနယ်၊ အောက်ရွာကြီး ကျေးရွာအုပ်စု၊ တောင်သူဦးရာဇာအောင်၏ စိုက်ဧက(၇.၅)ဧကတွင်ပြုလုပ်သည့် ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်၊ မျိုးစေ့ချစက် Drum Seeder စံပြစိုက်ပျိုးခြင်း၊ စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ ကောက်စိုက်စက်နှင့်တွဲဖက်သုံး (၁၀)တန်းသွား မျိုးစေ့ချ ကိရိယာဖြင့် မိုးစပါးစိုက်ပျိုးပွဲများသို တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများ နှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး၏ မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးနှင့် တစ်ဧက အထွက် နှုန်းများ ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးစေရေး၊ အထွက် တိုးမျိုးကောင်း၊ မျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးရေး၊ လယ်ဧကများတွင် ပျက်စီးသွားသည့် မြေဆီ၊ မြေဩဇာများပြန်လည် ကောင်းမွန်ရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်များ လျော့နည်းပပျောက်ရေး ၊ အထွက်နှုန်းများ တိုးတက်ရေးအတွက် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းများကို သက်ဆိုင်ရာ စိုက်ပျိုးရေး ပညာရှင်များနှင့် ပေါင်းစပ်စိုက်ပျိုးသွားနိုင်ရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများအောင်မြင်စေရေး တိုကို ဆွေးနွေးမှာကြားခဲ့ပြီး ကောက်စိုက်သမများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
DOCA(ဧရာဝတီ)