ချောက်မြို့၊ အခြေခံပညာမူလတန်းလွန်(ပတ္တမြား)ကျောင်း၌ စားသုံးသူရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ စားသုံးသူရေးရာ အသိပညာပေးဟောပြောပွဲကို (၇.၇.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် အခြေခံပညာမူလတန်းလွန်(ပတ္တမြား)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြို့နယ်တာဝန်ခံက “စားသုံးရန်မသင့်သောအစားအစာများနှင့် ကုန်အညွှန်းအမှတ်သားပြည့်စုံစွာ ဖော်ပြပါရှိသည့် အစားအသောက်များကိုသာ ရွေးချယ်ဝယ်ယူစားသောက်ရေးနှင့် Online လိမ်လည်မှု များ” အကြောင်းကိုလည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ က “ကျောင်းသား၊ ကျောင်းသူများအား ကာယ၊ ဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အားလပ် ချိန်များတွင် စာပေများလေ့လာဖတ်ရှုစေရေး၊ ပညာရွှေအိုးလူမခိုး၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့်ပွဲ လယ်တင့်” စသည့် စာပေဖတ်ရှုခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများအကြောင်းကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက “သဘာဝဘေး အန္တရာယ်ဆိုင်ရာသိကောင်းစရာ”များအကြောင်းကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များနှင့် ကလေးလုပ်သမားပပျောက်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံက အခြေခံပညာမူလတန်းလွန် (ပတ္တမြား)ကျောင်းအတွင်းရှိ ရောင်းချလျက်ရှိသော မုန့်ဆိုင်များအား စားသုံးသူ အန္တရာယ်ကင်းရှင်း စေရေး စစ်‌ဆေးခြင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြမှုရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ DOCA(မကွေး)