
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုနှင့် ပခုက္ကူခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ဆိပ်ဖြူမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၃.၇.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့ပေါ်ရှိ စားသောက်ဆိုင် များသို့သွားရောက်၍ ဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းအသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တာဝန်ခံနှင့်ပူးပေါင်းအဖွဲ့သည် အစားအသောက်ရောင်းချသည့် လုပ်ငန်းရှင်များ အား မိမိတို့ရောင်းချသော စားသောက်ဆိုင်များတွင် အစားအသောက်ပြုပြင် ရောင်းချသည့်နေရာများ သန့်ရှင်းမှုရှိစေရန်၊ အစားအသောက်ကိုင်တွယ် ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ် ရေသန့်ရှင်းမှုများရှိစေရန်၊ မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ များအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေရန်၊ စားသောက်ဖွယ် ရာများ၏ အမျိုးအစား၊ အရွယ်အစားပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်းမြင်သာစွာ ကြိုတင် အသိပေးဖော်ပြထားရန်နှင့် အစားအသောက်ရောင်းချသော လုပ်ငန်းရှင်များအား စားသုံးသူ အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များသိရှိရန် ရှင်းလင်းပြီး အစားအသောက်ဝန်ဆောင်မှုကဏ္ဍအနေဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)