
၇.၇.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ် တာဝန်ခံ ဦးအောင်ညီညီခန့်သည် ငန်းတေးအိမ်ရာမှူးနှင့် ပူးပေါင်း၍ ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ငန်းတေးကျေးရွာရှိ စပါးစိုက်ပျိုးမှုမှာ စိုက်ပျိူးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနများ၏ စာရင်းများအတိုင်း ကိုက်ညီမှု ရှိ/မရှိ စစ်ဆေခဲ့ပြီး ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ငန်းတေးကျေးရွာတွင် (၈၆) ဧက စပါးစိုက်ပျိုးပြီးစီးကြောင်း စစ်ဆေးတွေ့ရှိရသည်။
DOCA (မွန်)