ပေါင်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal
၄.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ‌ပေါင်မြို့နယ်တာဝန်ခံ ဦးအောင်မျိုးဦးသည် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ပေါင်မြို့နယ်ရှိ စက်သုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချသောစက်သုံးဆီများ သတ်မှတ်အရည်အသွေး ပြည့်မီခြင်း ရှိ/မရှိ၊ အချင်အတွယ်ပြည့်မီခြင်း ရှိ/မရှိ၊ ဆီကန်အတွင်း ဆီလက်ကျန်အမှန်တကယ် ရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။ DOCA (မွန်)