
၅.၇.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၄/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ဒုတိယပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးမျိုးမင်းထွန်း က ပန်းတိုင်အထွက်နှုန်း ရရှိရေး၊သီးနှံစိုက်စွမ်းအားတိုးတက်ရေး၊မျိုးကောင်းမျိုးသန့်အသုံးပြုရေး၊ကြဲခင်းစနစ်လျော့ချပြီး မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မျိုးစေ့တာဝန်ခံ ဒေါ်မူမူတန် ၊ သစ်စိမ်းမြေဩဇာများ တွင်တွင်ကျယ်ကျယ် အသုံးပြုပြီးဓာတ်မြေဩဇာ လျော့ချအသုံးပြု နိုင်ရေးကိုလည်းကောင်း၊ပြည်နယ်မြေအသုံးချရေးတာဝန်ခံ ဒေါ်မီမီအုန်းဝင်းကပိုက်ဆံလျော်ပင်၊ ညံပင်၊ ဗောစကိုင်းပင်၊ ကုက္ကိုပင်၊ ပဲမျိုးစုံပင်၊ ဗေဒါပင်၊မဲရိုင်းပင် စသည့်အပင်များအား မြေဩဇာအသုံးပြု၍ တောင်သူတွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေးကို လည်းကောင်း၊ ပြည်နယ်သီးနှံကာကွယ်ရေးဌာနခွဲမှ ဒေါ်ယဉ်နွယ်ဝင်းက မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံဖျက်ပိုးမွှားနှင့်ရောဂါကာကွယ်ရေး၊ AI နည်းပညာအသုံးချပြီး စိုက်ပျိုးရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် လယ်ယာကဏ္ဍ မှာတွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရေး စသည့် အကြောင်းအရာများကို သင်ကြားပြသခဲ့သည် ။အဆိုပါ သင်တန်းကိုသင်တန်းဆရာ (၄)ဦးက သင်တန်းသား (၁၅)ဦးတို့ဖြင့် (၂)ရက်ကြာသင်ကြားပြသခဲ့သည်။ ပေါင်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် သင်တန်းပို့ချခြင်းဖြင့် နိုင်ငံတော်၏ စားရေရိက္ခာ ဖူလုံစေရေးအပြင် ဂေဟစနစ်ထိမ်းသိမ်းခြင်း၊ လူသားတို့၏ အာဟာရဖူလုံရေး၊စီးပွားရေးတည်ဆောက်မှု၊ ယဉ်ကျေးမှုထိန်းသိမ်းမှုနှင့် သဘာဝပတ်ဝန်းကျင် ဟန်ချက်ညီမှုတို့အတွက် မရှိမဖြစ် လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။
DOCA (မွန်)