
(၄.၇.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ညောင်တုန်းမြိုနယ်အတွင်းရှိ နတ်ပေးကျေးရွာ (အ .ထ .က) နတ်ပေးကျောင်းတွင် ဌာနများပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟော ပြောပွဲကျင်းပပြုလုပ်ရာဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ နှစ်စဉ်ဆောင်ရွက်ချက်များနှင့် CallCenterအမှတ်၁၅၃၅သို ကုန်စည် (သို)ဝန်ဆောင်မှုနှင့်ပါတ်သက်၍နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါကဖုန်းခေါ်ဆိုတိုင်ကြားရန် သိကောင်းစရာများအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြသည်။
ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာအသိပညာပေးကို ဟောပြောခဲ့ပြီး၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်လွင် ဦးစီးအရာရှိက စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်းကောင်း၊ ပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံစမ်းနိုင်ရန်အတွက်လည်းကောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာတွင် နစ်နာဆုံးရှုံးမှုကြုံရပါက ဌာနသို့ အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်အတွက်လည်းကောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ကုန်စည်/ဝန်ဆောင်မှုများ ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချရာတွင် ကုန်အညွှန်းအမှတ်အသားအပါအဝင် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန်အတွက်လည်းကောင်း ရည်ရွယ်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် Consumer Call Center ဝန်ဆောင်မှုကို ဆောင်ရွက်ပေးလျက်ရှိရာ Consumer Call Center နံပါတ် ၁၅၃၅ သို့ Telenor ၊ Mytel နှင့် Ooredoo User များအပြင် MPT Sim Card User များလည်း ခေါ်ဆိုနိုင်ပြီး မေးမြန်း၊ တိုင်ကြား* ရပြီးဖြစ်ကြောင်းကို အသိပညာပေး ဟောပြောခဲ့ပြီး ကျောင်းသားကျောင်းသူ ၁၇၅ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)