သထုံမြို့နယ်၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစု ဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း၏ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်းဖွင့်လှစ်

Powered by Drupal
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အိမ်သုံးလျှပ်စစ် ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၄.၇.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ‌သထုံမြို့နယ်၊ နောင်ကုလားကျေးရွာရှိ ပအိုဝ်းအမျိုးသားဗိမာန်တော်၌ ကျင်းပ ပြုလုပ်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုး‌အောင်က သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးလိုက်သည့် နည်းပညာများကို လက်တွေ့ နယ်ပယ်၌ ပြန်လည်အသုံးချကာ မိမိတို့မိသားစုနှင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး ပြန်လည် အသုံးချပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်သည်အထိ ကြိုးစားကြရေး အမှာစကား ပြောကြားပြီး ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးခွန် ထွန်းထွန်းလှက စီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါသင်တန်းသို့ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြပြီး ဇွန်လ(၄)ရက်နေ့မှ စတင်ကာ အိမ်သုံးလျှပ်စစ်ပစ္စည်းအမျိုးမျိုး ပြုပြင်နည်းသင်တန်း (အခြေခံ) ၁၅ ရက်နှင့် မွမ်းမံသင်တန်း ၁၅ ရက် စုစုပေါင်း တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။ DOCA (မွန်)