
စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့မှ (၃၀) ရက်နေ့ အတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ကျောင်း/အိုးရပ်ကွက်၊ ရွှေဘုန်းပွင့်ဘုရားလမ်းရှိ“ဗိုလ်” ပဲကြော်လုပ်ငန်း သို့လည်းကောင်း၊ သိမ်ကုန်းလမ်း၊ ဆင်စုရပ်ကွက်ရှိ “မြင်းပျံ”အချိုရည်လုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၁၉၄)၊ နဝဒေးစက်မှုဇုန်၊ သခင်ဖိုးလှကြီးလမ်းရှိ ဦးကျော်ဝင်း၏ “Green Power”ဘက္ထရီ အက်စစ်လုပ်ငန်းသို့လည်းကောင်း၊ ခရမ်းကုန်းရပ်ကွက်၊ စံပြလမ်းရှိ ဒေါ်သူဇာလွင်စိုး၏ “ဓနတိုး” ပန်းကန်ဆေးဆပ်ပြာဆီ လုပ်ငန်းသို့လည်းကောင်း သက်ဆိုင်ရာမြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ သည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)