
စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၆)ရက်မှ (၃၀)ရက်နေ့အတွင်း၌ ပြည်ခရိုင်၊ပြည်မြို့နယ်တွင် ပွဲစားတန်း လမ်း၊ ကျောင်း/အိုးရပ်ကွက်ရှိ ဦးသန်းဆွေ၏ “စိန်သုံးလုံး”ဆီဆိုင်သို့လည်းကောင်း၊ ဆင်စုရပ်ကွက်၊ ကသည်းဈေးအနီးရှိ ဦးဖိုးထူး၏ “တသသ” ဆန်ဆိုင်လုပ်ငန်းသို့လည်းကောင်း၊ ရွှေတံခါးရပ်ကွက်၊ တာဂွလမ်းဆုံရှိ ဦးဇော်မင်းသူ၏ “ဇမ္ဗူထွန်း”စိုက်ပျိုးရေးဆေးပစ္စည်း အရောင်းဆိုင်နှင့် “သမာဓိ” စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ် တွင်လမ်းမတော်လမ်း၊ ယွန်းတန်းရပ်ကွက်ရှိ “ဒေါ်ခင်မြင့်ဆီစက်” သို့လည်းကောင်း၊ ပေါက်ခေါင်း မြို့တွင် ဘန့်ပြင် ကျေးရွာရှိ ဦးအောင်နိုင်ဦး၏ “ဒေါ်လာ”ဆန်မရွေးလုပ်ငန်း သို့လည်းကောင်း သက်ဆိုင်ရာမြို့နယ် တာဝန်ခံ နှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)