
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၅.၆.၂၀၂၅)နေ့တွင်လည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင် ဈေးတာဝန်ခံရုံး၌ (၁၆.၆.၂၀၂၅)နေ့တွင် ကုန်စုံဆိုင်လုပ်ငန်းရှင်များအားလည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ (၁၆.၆.၂၀၂၅) နေ့တွင် စာဖတ်ဝိုင်းရှိ ရပ်ကွက်နေပြည်သူများအားလည်းကောင်း၊ ရွှေတောင်မြို့နယ်၌ (၁၈.၆.၂၀၂၅)နေ့တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online စနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး Talk Show ပွဲပြုလုပ် ဆောင်ရွက်ခြင်းကို လည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ သည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၂၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)