တောင်ငူခရိုင် ရေတာရှည်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း ဖွဲ့စည်း

Powered by Drupal
စားသုံးသူရေးရာဦးစီးဌာန တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့ ဓါတ်တော်ဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်သည့် ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့(၂၀၂၅-၂၀၂၈ခုနှစ်) ရွေးချယ်တင်မြှောက်ပွဲ အခမ်း အနား သို့ တက်ရောက်အမှာစကားပြောကြားပါသည်။ အစည်းအဝေးတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရေတာရှည်မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့(၂၀၂၅-၂၀၂၈ခုနှစ်) ရွေးချယ် တင်မြှောက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမျိုးခိုင်စိုးက ဖြည့်စွက်ပြောကြားပါသည်။ ထို့နောက် ဥက္ကဌ ဦးတင်မောင်နိုင် ဦးဆောင်သော အဖွဲ့ဝင် ၁၅ ဦးပါ ရေတာရှည်မြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်း အမှုဆောင်အဖွဲ့ (၂၀၂၅-၂၀၂၈ ခုနှစ်)ကို ရွေးချယ်တင်မြှောက်ခဲ့ ကြောင်းနှင့် ဥက္ကဌ ဦးတင်မောင်နိုင်က ကျေးဇူးတင်စကား ပြောကြားကြောင်း သိရပါသည်။ DOCA(ပဲခူး)