
စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် တာဝန်ခံဦးဇော်ဇော်ထွေး သည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရေတာရှည်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းနှင့်အတူ ဇူလိုင်လ၅ရက်နေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ ဆိုင်မန်နေဂျာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်တာဝန်ခံ ဦးဇော်ဇော်ထွေးက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်ကန်စွာ ရောင်းချရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထား၍ ဝန်ဆောင်မှုပေးရန်တို့ကို ဆွေးနွေးခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက စက်သုံးဆီ ရောင်းချရာ တွင် ပုံးလွတ်၊ ပုလင်းလွတ်များ၊ ပီပါများဖြင့် ရောင်းချခြင်းမရှိစေရေး၊ တရားမဝင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ဝယ်ယူမည်ဆိုပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံချက်ပါရှိမှသာရောင်းချပေးရေးတို့ကို ရှင်းလင်းဆွေးနွေးခဲ့ ပါသည်။
စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံက စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူး ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ပေးသည့် ရည်ညွှန်းဈေးအတိုင်း ဈေးနှုန်းမှန်၊ အခြင်အတွယ်မှန်ကန်စွာ ရောင်းချရန်၊ စားသုံးသူနစ်နာဆုံးရှုံးမှု မဖြစ်စေရေးကို အလေးထား၍ ဝန်ဆောင်မှုပေးရန်တို့ကို ဆွေးနွေးခဲ့ကြောင်း နှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ရေတာရှည်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်များ၊ မန်နေဂျာများ စုစုပေါင်း ၁၅ ဦး တက်ရောက်ကြောင်း သိရပါသည်။
DOCA(ပဲခူး)