
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အား တိုက် ဆောင်ရွက်လျက်ရှိရာ ၈.၇.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင် စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်း၌ တစ်ဧကထုတ်လုပ်မှု ကုန်ကျစရိတ်အပေါ် အခြေခံ၍ ရည်ညွှန်းဈေး(အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးတို့သည် ကျောက်တံခါးမြို့နယ်အတွင်းရှိ စက်ပိုင်၊ တောင်သူများနှင့် တွေ့ဆုံရာတွင် မြို့နယ်တာဝန်ခံက ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွက် ထွက်ပေါ်လာမည့် နွေစပါး၊ မိုးစပါးများအတွက် လက်ရှိဖြစ်ပေါ်နေ သော သွင်းအားစုဈေးနှုန်းများ၊ လုပ်သားဈေးနှုန်းများအရ တောင်သူနှင့်စက်ပိုင်များတွေ့ကြုံရသည့် အခက်အခဲများနှင့် တစ်ဧကထုတ်လုပ်မှုကုန်ကျစရိတ်များကို မေးမြန်းခဲ့ပါသည်။ ဆက်လက်၍ မြို့ နယ်တာဝန်ခံက တောင်သူနှင့်စက်ပိုင်များ တင်ပြသောအချက်များကို မှတ်တမ်းတင်ထားပြီး တောင် သူများထိုက်သင့်သော အကျိုးအမြတ်ရရှိစေရေးအတွက် အနိမ့်ဆုံးသတ်မှတ်သည့် ရည်ညွှန်းဈေး (အဆိုပြုနိုင်ရေး) တောင်သူ၊ စက်ပိုင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)