ညောင်တုန်းမြို့နယ် ရပ်ကွက်နေပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal
(၃.၇.၂၀၂၄)နေ့ နေ့လယ် (၁၄:၀၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့အစည်း အဝေးခန်းမတွင် မိတ်ဖက်ဌာနမှ တာဝန်ရှိသူများနှင့်အတူ ရပ်ကွက်နေပြည်သူ (၂၅)ဦးအား စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်တာဝန်များနှင့် စားသုံးသူအခွင့်အရေး ယှဉ်တွဲ၍ အသိပညာပေး ဟောပြော ဆွေးနွေးပွဲကို မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောမှုတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးဦးအောင်လွင် (ဦးစီးအရာရှိ)က ဟောပြော ဆွေးနွေးရာ စားသုံးသူ ရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း၊ စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင် အကြား စားသုံးသူ ကာကွယ်ရေး ဥပဒေရေးဆွဲပြဌာန်း၍ စားသုံးသူအခွင့် အရေးနှင့်အကျိုးစီးပွား ကိုအပြည့်အဝ ကာကွယ်ထားသော ကော်မရှင် ကော်မတီအဆင့်ဆင့်တို့မှသတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်းကိုလည်းကောင်း၊ စားသုံးသူနှင့် လုပ်ငန်းရှင်များအကြား စားသုံးသူအခွင့် အရေးထိခိုက်နစ်နာပါက တိုင်ကြားလို့ရသည့် နည်းလ်း ၇မျိးအကြောင်းကိုအကျယ်တဝင့်ရှင်းလင်းပြီး အလွယ်ကူဆုံးတိုင်ကြားလို့ရသော ဖုန်းဖြင့် ဆက်သွယ်တိုင်ကြားနိုင်သည်ံ Consumer Call Center 1535 ကိုလည်း ဆက်သွယ်မေး မြန်းတိုင်ကြားလို့ရကြောင်းကို လက်တွေ့သရုပ်ပြ ခေါ်ဆိုခြင်းဖြင့် အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ DOCA(ဧရာဝတီ)