ပန်းတနော် ဖိုးလမင်းဆန်စက် ထုတ်ကုန်လုံခြုံကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal
မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (၃.၇.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၃၀)နာရီအချိန်က ပန်းတနော်မြို့နယ် မြို့ကွက်သစ်-၂ရပ်ကွက်ရှိ ဖိုးလမင်းဆန်စက်သို့ ကွင်းဆင်း၍ ဆန်စက်ကြိတ်ခွဲ ထုတ်လုပ်မှုနှင့် စပါး-ဆန်ရောင်းဝယ်တင်ပို့မှု၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက ဖိုးလမင်းဆန်စက်ပိုင်ရှင် ဦးဇော်ထက်စိုးနှင့် တွေ့ဆုံ၍ ဆန်စက်တွင် စပါးဝယ်ယူမှု၊ စပါးကြိတ်ခွဲ၊ သိုလှောင်မှုနှင် ဆန်/စပါးသိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုများကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်မှ MyRo တွင်သိုလှောင်ရုံမှတ်ပုံတင်ထားရှိပြီးကြောင်း စစ်ဆေးတွေ့ရှိရပြီး၊ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးကို အသိပေးပြောကြားခဲ့ပြီး ဆန်စက်မှ ဆန်များကို ရောင်းဝယ်မှုအခြေအနေနှင့် ဒေသအတွင်းရောင်းချပေးနေမှုကို ဇုလိုင်လ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း သင့်တင်မျှတသော ဈေးဖြင့် ရောင်းချခြင်းလုပ်ငန်းများကို ကြည်ရှုစစ်ဆေးမေးမြန်း ခဲ့ပါသည်။ ဆက်လက်၍ ခရိုင်ဦးစီးမှူးက လုပ်ငန်းရှင်အား ဆန်စက်မှကြိတ်ခွဲရောင်းချနေသော ဆန်များကို ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်စေရန်၊ အလေးချိန်မှန်ကန်စေရန်၊ အရောင်းအဝယ်မှန်စေရန် တို့ကို မှားကြားခဲ့ပြီးလုပ်ငန်းရှင်တို့ဘက်မှ လိုက်နာဆောင်ရွက်မှုမရှိပါက တည်ဆဲဉပဒေများနှင့်အညီ အရေးယူခံရနိုင်မည်ဖြစ်ကြောင်း ပညာပေးပြောကြားခဲ့သည်။ DOCA(ဧရာဝတီ)