၂၀၂၅ ခုနှစ်၊ ကျွန်းလှမြို့နယ်တာဝန်ခံရုံး၏ ဇွန်လစားသုံးသူအကာအကွယ်ပေးရေးအသိပညာပေးဟောပြောဆောင်ရွက်ခြင်း

Powered by Drupal
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးသည့် ဌာန၏မျှော်မှန်းချက်ဖြစ်သည့် “ပြည်တွင်းကုန်သွယ်မှုဖွံဖြိုးရေးနှင့် စားသုံးသူကာကွယ်ရေး လုပ်ငန်း များဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအပြင် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက် ရှိပါသည်။ ကျွန်းလှမြို့နယ်တာဝန်ခံရုံးအနေဖြင့် ဇွန်လအတွင်း စားသုံးသူအကာအကွယ်ပေးရေး အသိပညာ ပေးဟော ပြောဆောင်ရွက်ခြင်း(၁)ကြိမ်ဆောင်ရွက်ခဲ့ရာ ဇွန်လ(၁၃)ရက်နေ့ နံနက်၀(၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့မီးသတ်စခန်းတွင် စားသုံးသူ အကာ အကွယ်ပေးရေးအသိပညာပေးဟောပြောပွဲကျင်းပခြင်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူအခွင့်အရေးများနေ့ ဖြစ် ပေါ်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏ အဓိပါယ် ဖွင့်ဆိုချက်များ၊ စားသုံးသူများအနေနဲ့ စားသုံးသူအခွင့်အရေး(၈)ချက်၊ စားသုံးသူများ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်(၄)ချက်၊ စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်း အမှတ် အသား ဖေါ်ပြ ခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် အသေးစိတ် စိစစ်ချက်များကို မြန်မာဘာသာဖြင့် ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးသည့် ကုန်ပစ္စည်း များကိုသာဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြား နိုင်ကြောင်း ၊ တိုင်ကြားနိုင်သည့် နေရာများအား အကျယ်တဝင့် ရှင်းလင်း ပြေားကြားခဲ့ပြီး အမိန့်ကြော်ငြာ စာအမှတ် (၂/၂၀၁၉)ပါ ကုန်အညွှန်း အမှတ်အသား နှင့်ပတ် သက်သည့် အသေးစိတ်စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်း ရရှိပါသည်။ DOCA(စစ်ကိုင်း)