စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်လျက်ရှိ

Powered by Drupal
ကသာခရိုင်စားသုံးဆီနှင့်စက်သုံးဆီလုပ်ငန်းများ စစ်ဆေးရေးအဖွဲ့သည် ကသာမြို့ပေါ်တွင် ရောင်းချ လျက်ရှိသည့် စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ အပတ်စဉ်ကွင်းဆင်းစစ်ဆေး ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် ဇွန်လ(၂၅)ရက်နေ့တွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌမှ ဦးဆောင်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီး ဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပါဝင်သော အဖွဲ့သည် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် ထူးစက်သုံးဆီအရောင်းဆိုင်သို့ ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင် ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အချင် အတွယ်မှန်ကန်မှု ရှိ/မရှိ၊ ဆီကားရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး စက်သုံးဆီရောင်းချသည့် လုပ်ငန်းရှင်နှင့် တွေ့ဆုံကာ မြို့နယ် အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေး၊ စက်သုံးဆီဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သောဈေးနှုန်းဖြင့် ရောင်းချရေး ဆွေးနွေးမှာကြားခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။ DOCA(စစ်ကိုင်း)