ဘားအံမြို့ရှိ အ.မ.က မူလွန် (၁) ကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်နှင့် ဝန်ထမ်းများသည် ၂-၇-၂၀၂၅ ရက်၊ ဗုဒ္ဓဟူးနေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အ.မ.က မူလွန် (၁)၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်က အွန်လိုင်းဈေးဝယ်ရာတွင် သတိပြုရမည့်အချက်များအကြောင်းသိကောင်း စရာနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့်ကုန်စည်များကို စနစ်တကျရွှေးချယ် ဝယ်ယူ စားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို ကျောင်းသား၊ ကျောင်းသူများကို လွယ်ကူစွာသိရှိနိုင်ရန် ဥပမာ- မုန့်မျိုးစုံဖြင့် လက်တွေ့ရှင်းလင်းပြောကြားခဲ့ကာ ဆရာ၊ ဆရာမ (၁၆) ဦး၊ ကျောင်းသား၊ ကျောင်းသူများ (၃၉၂)ဦး စုစုပေါင်း ဦးရေ(၄၀၈) တက်ရောက်ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
ထို့နောက် ဒု-ဦးစီးမှူး ဒေါ်စုနွေးသီရိမောင်နှင့် ဆရာ၊ဆရာမတို့သည် ကျောင်းဝန်းအတွင်းရှိ ကျောင်းမုန့်ဈေးတန်းတွင် အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး အတွက် ကျောင်းမုန့်ဈေးတန်းစစ်ဆေးခြင်းများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
DOCA(ကရင်)