စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၄)ရက် နေ့၊ နံနက်(၇)နာရီတွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့်ကယားပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ချိတ်ဆက်၍ ဖြန့်ဖြူးရောင်းချလျက်ရှိသောစားအုန်းဆီများ အား ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ အချိန်အတွယ်ပြည့်မီမှုရှိ/မရှိကို မြို့နယ် စားအုန်းဆီနှင့်ဆန်ရောက်ရှိမှု စိစစ်ကြီးကြပ်ရေးအဖွဲ့ဖြင့်ပူးပေါင်း၍ ကွင်းဆင်းကြပ်မတ်ခြင်းလုပ် ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကယားပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းက ဇူလိုင်လ(၃)ရက်မှ(၆)ရက်နေ့အထိ လက်ကားရည်ညွှန်းဈေးတစ်ပိဿာ (၆၀၆၀)ကျပ် အပေါ် အခြေခံ၍ ဒေသအရောက်ဈေးထပ်ပေါင်းပြီး တစ်ပိဿာလျှင်(၆၈၀၀)ကျပ်ဖြင့် လူတစ်ဦးလျှင် တစ် ပိဿာနှုန်း ရောင်းချပေးလျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထို့ပြင် စားအုန်းဆီများရောင်းချရာတွင်အချိန်အတွယ်မှန်ကန်မှုရှိစေရေး၊ ဝန်ထမ်းများနှင့် ပြည်သူများလက်ဝယ်သို့ သက်သာသောနှုန်းထားဖြင့် အမှန်တကယ်ရောင်းချစေရေး၊ ဈေးနှုန်းများ အဆမတန် မြှင့်တင်ရောင်းချမှုမရှိစေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှု မရှိစေရေး၊ စားသုံးသူလက်ဝယ်သို့ အမှန်တကယ်တိုက်ရိုက်ရောက်ရှိစေရေးတို့အတွက် စားအုန်းဆီ ရောင်းချလျက်ရှိသောလုပ်ငန်းရှင်အရောင်းဆိုင်(၁၂)တို့အားမြေပြင်အခြေအနေကွင်းဆင်းကြပ်မတ် မှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)
စားအုန်းဆီဈေးနှုန်းများ သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချနိုင်ရေးကွင်းဆင်းကြပ်မတ်
Powered by Drupal