ဝန်ထမ်းများစုပေါင်းမိတ်ဆုံစားပွဲဆောင်ရွက်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ လမ်းညွှန်မှုဖြင့် ဌာနတွင်းရှိဝန်ထမ်းများ စုပေါင်း၍ မိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည် နယ်ဦးစီးမှူးရုံး၏ ဇူလိုင်လမိတ်ဆုံစားပွဲအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့၊ နေ့လယ် (၁၂:၀၀ ) နာရီအချိန်တွင် ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ခေတ္တပြည်နယ်မှူး ဦး ဆောင်၍ ဝန်ထမ်း( ၁၁ )ဦးဖြင့် ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါမိတ်ဆုံစားပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခေတ္တပြည်နယ်ဦးစီးမှူးက ခေါက်ဆွဲ ကြော်များဖြင့် ဧည့်ခံကျွေးမွေးပြီး ဝန်ထမ်းများကလည်း အသင့်ပါလာသော ထမင်း၊ဟင်းများ လဲလှယ်၍ ချစ်ခင်ရင်းနှီးစွာဖြင့် အတူတကွ သုံးဆောင်ခဲ့ကြပါသည်။ ဝန်ထမ်းမိတ်ဆုံစားပွဲများ လစဉ်ဆောင်ရွက်ခြင်းအားဖြင့် ဌာနအတွင်းရှိ ဝန်ထမ်းအချင်းချင်း ချစ်ခင်ရင်းနှီးမှုများပိုမိုရရှိကာ လုပ်ငန်းခွင်အတွင်းတွင်လည်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွင်မှုရှိခြင်း၊ စည်းလုံးညီညွှတ်မှုပိုမိုရရှိခြင်း၊ ရုံးလုပ်ငန်းများပိုမိုပြီးမြောက်အောင်မြင်ခြင်းစသည့် အကျိုးကျေးဇူး များရရှိကြောင်း သိရှိရပါသည်။
DOCA(ကယား)