စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ စက်မှုလုပ်ငန်းသုံးစားအုန်းဆီ ဆီထုတ်ကိုယ်စလှယ်များနှင့်ထုတ်ယူမှု၊ဝယ်ယူမှု၊ဖြန့်ဖြူးမှူခြအနေများနှင့်စပ်လျဉ်း၍လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

(၂၃.၆.၂၀၂၅) ရက်နေ့ မွန်လွဲ (၂) နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေး ရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးခန်းတွင် တိုင်းဒေသကြီးဦးစီးမှူးဦးဆောင်၍ စစ်ကိုင်တိုင်း တွင်းရှိ စက်မှုလုပ် ငန်းသုံး စားအုန်းဆီကိုယ်စလှယ်များ နှင့်စက်မှုလုပ်ငန်းသုံး စားအုံးဆီ ဝယ်ယူထားရှိမှုအခြေအနေ ၊ထုတ်ယူရရှိမျုအခြေအနေ၊ ဖြန့်ဖြူးရောင်းချမှု အခြေအနေများ နှင့်ပါတ်သက်ပြီး လုပ်ငန်းညှိ့နှိုင်းအစည်းအဝေးကျင်းပရာ လူကိုယ်တိုင်(၁၁)ဦး၊ Online ဖြင့် (၁၉)ဦး၊ သက်ဆိုင်ရာဝန်ထမ်း(၄)ဦး စုစုပေါင်း (၃၅ဦးတက်ရောက်ခဲ့ပါသည်။
တိုင်ဒေသကြီးဦးစီးမှူးက စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူသုံးဆွဲရာတွင် သင့်တင့် သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် စားသုံးမှုလိုအပ်ချက်များဖြည့်ဆည်း ရောင်းချ စေရန် ရည်ရွယ်၍ စားအုန်းဆီများအား ထုတ်ပေးခြင်းဖြစ်ကြောင်း၊ စာအုန်းဆီ ကိုယ်စလှယ် များအနေဖြင့် လက်လီ၊လက္ကား ဖြန့်ဖြူရောင်းချရာတွင် သတ်မှတ်ထားသည့် အတိုင်းမှန်ကန်စွာ ရောင်းချဖြန့်ဖြူးနိုင်ရေး၊ အချက်အလက်ပြည့်စုံသော လျှောက်လွှာပုံစံဖြင့် လျှောက်ထားသူ များအား ရောင်းချစေခြင်း၊ ပြည်သူများကိုသတ်မှတ် ရည်ညွှန်းဈေးဖြင့် သေချာစိစစ်ရောင်း ချရန်လိုအပ်ပါကြောင်း၊ဈေးကွက်အတွင်းသတ်မှတ်ထားသည့်ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ မသမာသည့်လုပ်ဆောင်မှုမျိုးများ လုပ်ဆောင်ပါက အ‌ရေးကြီး ကုန်စည်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း၊အခြေအနေအရပ်ရပ်တိုင်းသည်အလေးထားဆောင်ရွက်စေလိုကြောင်း၊ ရှင်းလင်း ပြောကြားခြင်း၊ ကိုယ်စလှယ်များမှလည်း သတ်မှတ်ထားသောစည်းကမ်းနှင့်အညီ ထုတ်ယူ ဖြန့်ဖြူးရောင်း ချပေးခြင်းနှင့် ပြည်သူအတွက် ဖြန့်ဖြူးရောင်ချပေးနေသော ဆီများ လိုအပ်ချက်များ ပိုမိုရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုပါ‌ကြောင်း၊ ဆွေးနွေးကြပြီး စက်မှု လုပ်ငန်းသုံးစားအုန်းဆီ ဆီထုတ်ကိုယ် စလှယ်များနှင့် စက်မှုလုပ်ငန်းသုံး စားအုန်းဆီ ဝယ်ယူ လျှောက်ထားမှု၊ ထုပ်ယူမှု၊ဖြန့်ဖြူးမှုအခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
DOCA(စစ်ကိုင်း)