
စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးဆောင်၍ ဝန်ထမ်း (၂)ဦးနှင့် စစ်ကိုင်းမြို့နယ် တာဝန်ခံတို့သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူနှင့်အတူ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၀) ရက်နေ့တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်နှင့် လေးကျွန်းမြေရပ်ရှိ စတိုးဆိုင်(၂)ဆိုင်၊ ကုန်မျိုးစုံဆိုင် (၁)ဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။
“Signal” အမှတ်တံဆိပ် သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့် စပ်လျဉ်း၍ ကုန်ပစ္စည်းအတုများ ဈေးကွက်အတွင်း ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန် လမ်းညွှန်မှုပြုသဖြင့် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ရှိ “ကောင်းစံ” စတိုးဆိုင်၊ “ဆန်းသစ်ဝေ” စတိုးဆိုင်၊ လေးကျွန်းမြေရပ်ရှိ “သန်းကမ္ဘာ” ကုန်မျိုးစုံဆိုင်၊ စုစုပေါင်း ဆိုင်(၃)ဆိုင်အား ကွင်းဆင်း စစ်ဆေးခဲ့ရာ Unilever EAC Myanmar Co.,Ltd မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် Signal Cavity Fighter Toothpaste 150g အား ရောင်းချသည်ကို တွေ့ရှိရပြီး ထုပ်ပိုးထားသည့် ဗူးခွံပေါ်တွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာ၌ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသည်ကို စိစစ်တွေ့ရှိ ရသည်။ စစ်ဆေးခဲ့သောဆိုင်များတွင် “Signal” အမှတ်တံဆိပ် သွားတိုက်ဆေးအတုများ ရောင်းချခြင်း မရှိကြောင်း စိစစ်တွေ့ရှိရပါသည်။ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက Signal အမှတ်တံဆိပ် ကုန်ပစ္စည်းအစစ်နှင့် ကုန်ပစ္စည်းအတု၏ အသေးစိတ်အချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ကာကွယ်ရေး ဥပဒေ အခန်း (၁၈) ပုဒ်မ ၄၁ ၊ ပုဒ်မခွဲ (ခ)နှင့် (ဆ)အရ မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ကုန်အညွှန်းအမှတ်အသား ဖော်ပြပါရှိသည့် ကုန်စည်များကို ရွေးချယ်ဝယ်ယူရောင်းချရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရ ရှိပါသည်။
DOCA(စစ်ကိုင်း)