ကလေးမြို့၊ ဈေးကွက်အတွင်းတွင် Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၊ အောင်မြေမာန်ရပ်ကွက်သို့ ၂၃.၆.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာနမှ ကလေးခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းဝင်းမှ ဦးဆောင်၍ ဝန်ထမ်း ( ၅ ) ဦး သည် ကုန်မျိုးစုံရောင်းချသည့် စတိုးဆိုင် ( ၂ ) ဆိုင်သို့ သွားရောက်၍ “Signal” အမှတ်တံဆိပ် သွားတိုက်ဆေး Signal Cavity Fighter Toothpaste 150g နှင့် စပ်လျဉ်း၍ ဈေးကွက်အတွင်း ကုန်စည်အတုများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဧဝရက်စတိုးနှင့် ချယ်ရီဦးစတိုး “ Signal ” အမှတ် တံဆိပ်သွားတိုက်ဆေးများအား ကုမ္ပဏီမှတဆင့် ဝယ်ယူရောင်းချလျက်ရှိပြီး ပြင်ပမှဝယ်ယူ ရောင်းချမှုများ မရှိကြောင်း၊လက်ရှိအချိန်တွင် လမ်းခရီးအခက်အခဲကြောင့် ဈေးကွက်အတွင်း ပစ္စည်း ပြတ်လပ်မှုများရှိနေကြောင်းနှင့် ကုန်စည်အတုများလည်းရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဒေါ်သန်းသန်းဝင်း ( ခရိုင်ဦးစီးမှူး ) မှ မိမိတို့ရောင်းချသည့် ကုန်စည်များတွင် မြန်မာစာဖြင့် ဖော်ပြရန်သတ်မှတ်ထားသည့် ကုန်အညွှန်းအမှတ်အသားများအား ပြည့်စုံစွာဖော်ပြသည့် ကုန်စည် များကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ ကိုလည်း ရှင်းလင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)