
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးဦးဆောင်၍ ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ (၂၇.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန် တွင် ပခုက္ကူမြို့ပေါ်ရှိ မြန်မာဆန်စပါးအွန်လိုင်း My ROတွင် မှတ်ပုံတင်ထားသော ဆန်လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ရာ လုပ်ငန်းရှင်(၁၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်ဦးစီးမှူးက ဆန်ရောင်းချသောလုပ်ငန်းရှင်များအား ပခုက္ကူမြို့၌ My RO တွင် မှတ်ပုံတင် ထားသော ဆန်သိုလှောင်ရုံ(၄၅)လုံးရှိပြီဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် My RO Website တွင် မှတ်ပုံတင်ထားရှိသည့် သိုလှောင်ရုံများ၏ ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန် စာရင်းများအား လစဉ် လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း ဖြည့်သွင်းပေးရန်လိုအပ်ကြောင်း၊ လုပ်ငန်းရှင် ကိုယ်တိုင် မိမိAccountတွင် ထည့်သွင်း၍ရသလို ဌာနမှလည်း ဆန်လက်ကျန်များ ထည့်သွင်းပေး နေကြောင်း၊ ဆန်လက်ကျန်စာရင်းအား လစဉ် မပျက်မကွက်ပေးပို့ရန်လိုအပ်ကြောင်း၊ မကွေးတိုင်း ရုံးမှလည်း Sub-admin Account ၌ ဆန်စပါး လက်ကျန် စာရင်းများ ဖြည့်သွင်းထားခြင်းရှိ/မရှိ လစဉ် စိစစ်သွားမည်ဖြစ်ကြောင်း၊ ဆန်ဈေးနှုန်း နှင့်ပတ်သက်၍ လအလိုက်ထုတ်ပြန်ထားသော သတ်မှတ်ရည်ညွှန်းဈေးကို ဗီနိုင်းကပ်၍ ရောင်းချရန်လိုအပ်ကြောင်း၊ ဌာနမှ လစဉ်ပုံမှန် ကွင်းဆင်း ကြပ်မတ်မည်ဖြစ်ကြောင်း၊ သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းတိုးခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ တွင် ဆန်သိုလှောင်ရုံများ စတင်သက်တမ်းတိုးရမည်ဖြစ်၍ သက်ဆိုင်ရာ ဝန်ထမ်းမှလုပ်ငန်းရှင် များကို ဆက်သွယ်အကြောင်းကြားလိမ့်မည်ဖြစ်ကြောင်း ပြောကြားပြီး လစဉ် ဆန်အမျိုးအစား အလိုက် ဆန်လက်ကျန် ထည့်သွင်းနည်း Video Clip အား Power Point ဖြင့် ပြသခဲ့ပြီး ဆန်လုပ်ငန်း ရှင်များမှ သိလိုသည်များအား ခရိုင်ဦးစီးမှူးက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
DOCA(မကွေး)