စားသုံးသူ၊ ထုတ်လုပ်သူ Win Win ဖြစ်စေဖို့ လုပ်ငန်းရှင်များထံသို့ အသိပညာပေးကြစို့

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှု၊ ပခုက္ကူခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၇.၆.၂၀၂၅)ရက်နေ့၊ နေ့လယ် (၁၃:၃၀)အချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက် များအား  လိုက်နာဆောင်ရွက်ခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး မိမိတို့လုပ်ငန်းများ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိပြီး အကျိုးစီးပွားအောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်၍ “သန့်စင်”၊ “ကောင်းဟိန်း”၊ “ရီမွန်” ၊ “အောင်မြန်မာ”၊ “ဦးရဲ” အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်ဖြန့်ဖြူးရောင်းချ လျက်ရှိသော မြေပဲဆုံဆီလုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

    စားသုံးသူရေးရာဌာနခွဲတာဝန်ခံမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူ ကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်ပါ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ထည့် သွင်းဖော်ပြ ရမည့်အချက်အလက်များ၊ လုပ်ငန်းရှင်များမှလည်း မိမိတို့ ထုတ်လုပ်သောကုန်စည် အမျိုးအစားအလိုက် စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် များနှင့်ကိုက်ညီသည့်ကုန်စည်များကို စားသုံးသူရေးရာဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ရရှိရန် လျှောက်ထားနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော မြေပဲဆုံဆီများတွင် အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ ၊ လုံးပိန်၊ လုံးညှက်များကို စနစ်တကျသန့်စင်ပြီးမှ သုံးစွဲရန်နှင့် မြေပဲဆံများကိုအစိုဓာတ်များမကျန်ရှိအောင်စနစ်တကျအခြောက်ခံ၍ အသုံးပြုမှသာ အာဖလာတော့ဆင်း မှိုဆိပ်ကင်းစင်ပြီး ကင်ဆာရောဂါဖြစ်ခြင်းမှ ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ စားသုံးသူ၊ သုံးစွဲသူများမှာ မိမိတို့ အကျိုးစီးပွားဖြစ်ထွန်းရန်အတွက် တစ်ဖက်တစ်လမ်းမှ ကျေးဇူးရှင် များအဖြစ် သတ်မှတ်ကာ စေတနာထား၍ ထုတ်လုပ်ခြင်းဖြင့် လုပ်ငန်းများဈေးကွက်ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

DOCA(မကွေး)