ကွမ်းခြံကုန်းမြို့နယ် စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ စားအုန်းဆီလက်လီလက်ကား အရောင်းဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၄.၆.၂၀၂၅ ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာ ရေးအဖွဲ့၊ ဈေးတာဝန်ခံ၊ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦး တို့ ပူးပေါင်းအဖွဲ့ဖြင့် ကွမ်းခြံကုန်းမြို့နယ်ရှိ ဦးဟိန်းသော်ဇင်ဦး၊ ဦးကျော်လွင်၊ ဦးရဲဝင်းသိမ်း၊ ဦးခင်မောင်အေး၊ ဒေါ်လဲ့လဲ့သင်း၊ ဒေါ်မြသီတာကျော်၊ ဒေါ်မျိုးသူဇာထွန်း၊ ဦးစန်းဌေး၊ ဦးမြင့်မင်းသု လက်လီအရောင်းဆိုင်များသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီခွဲတမ်းရရှိသည့် ပိဿာ(ပေပါ)၊ တာဝန်ယူဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ(ပေပါ)၊ ရောင်းချသည့် လက်လီလက်ကားဈေးနှုန်းများနှင့် နေ့စဉ်ရောင်းချနေမှုများအား စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ကွင်းဆင်းဆောင်ရွက်ခဲ့ရာတွင် စားအုန်းဆီလက်လီ/လက်ကား ကိုယ်စားလှယ်မှ လက်လီအရောင်းဆိုင်များသို့ မိမိတာဝန်ယူရောင်းချရမည့် ရပ်ကွက်/ကျေးရွာများသို့ အိမ်ထောင် စုအလိုက် ရောင်းချရမည့် အရေအတွက်၊ ဈေးနှုန်းများနှင့် မြို့နယ်အတွင်း စားသောက်ဆိုင်၊ အကြော်ဆိုင်နှင့် သာရေးနာရေးကိစ္စ ဘုန်းတော်ကြီးကျောင်း စာသင်တိုက်များသို့ ရောင်းချလျက် ရှိမှုများကို စိစစ်ကြပ်မတ်ဆောင်ရွက်ခဲ့ပြီး ရောင်းချသူ လက်လီ/လက်ကားလုပ်ငန်းရှင်များသို့ အပတ်စဉ် သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် သယ်ယူခ၊ လုပ်သားခများနှင့် ၂% အမြတ်ဖြင့်သာ ရောင်းချသွားရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)