တစ်ခုသောတိမ်တိုက် ကုမ္ပဏီလီမီတက်သို့ မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆) ရက်နေ့၊နေ့လယ်  (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ခင်မာဝေ နှင့် ဒေါ်သင်းစံပယ်ဦးတို့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် အလုံမြို့နယ်၊ အမှတ်(၃၀၄)၊ ၄ လွှာ၊ ရွှေဇမ္ဗူထိပ်ကွန်ဒိုသို့ သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိစစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက်  အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)