
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၃.၆.၂၀၂၅) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကံမမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံဝန်ထမ်း အငြိမ်းစား ပင်စင်စားများ သက်သာချောင်ချိရေးအတွက် ပင်စင်ထုတ်ယူသည့်ရက် (၂၃.၆.၂၀၂၅)ရက်နေ့မှ စ၍ စားအုန်းဆီများ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးအတွက် သရက်မြို့ Than Thar Trading Co.,Ltd လက်လီကိုယ်စားလှယ် " ပြည့် " ဆီ အရောင်းဆိုင်မှ စားအုန်းဆီ ပိဿာ (၂၂၀) အား ပင်စင်စား(၁)ဦးလျှင် စားအုန်းဆီ (၅၀)ကျပ်သားဖြင့် ပင်စင်စား (၄၄၀)ဦးအတွက် ရောင်းချရာတွင် သက်ဆိုင်ရာဌာနများဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့်အတူပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကံမမြို့၊ အမှတ် (၁)နှင့် (၂)ရပ်ကွက်တို့ရှိ ရွှေတိုးနှင့် ဟိန်းဆီဆိုင်တို့မှ ရပ်ကွက်နေ၊ အိမ်ထောင်စု (၁)စုလျှင် စားအုန်းဆီ (၁)ပိဿာနှုန်းကို ကျပ်(၆၉၈၅)ဈေးဖြင့် ရောင်းချရာတွင် အချိန်အတွယ် မှန်ကန်မှုရှိစေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် အဆမတန် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ စနစ်တကျရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မကွေး)