ဘိုကလေးမြို့ (၇) ရပ်ကွက်ရှိ ရွှေလင်းအိမ် သောက်ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစိစစ်

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၅) ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဘိုကလေးမြို့ (၇) ရပ်ကွက်ရှိ ရွှေလင်းအိမ် သောက်ရေသန့် စက်ရုံသို့ MSMEs ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိစေရေး ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းစိစစ်ရာတွင် ရေသန့်စက်ရုံပိုင်ရှင် ဦးထွန်းလင်းဦးက ရေသန့်တစ်နေ့ ထုတ်လုပ်မှုအနေဖြင့် 1 Litre ဘူးကြီး (၂၅၀)ဘူးခန့် ထုတ်လုပ်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဘူးကြီး တစ်ဘူးလျှင် လက်ကားဈေး (၁၀၀၀) ကျပ်၊ လက်လီ (၁၂၀၀) ကျပ် ဖြင့် မြို့နယ်အတွင်း၌သာ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ လုပ်သား (၁၇) ဦးထားရှိပြီး တစ်ဦးလျှင် ပျမ်းမျှလစာ (၂၀၀၀၀၀) ကျပ်ထိ ပေးချေ ရပြီး စက်မှုလိုင်စင်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ရရှိထားကြောင်းသိရသည်။
ထို့နောက်မြို့နယ်တာဝန်ခံမှ ထုတ်လုပ်သော ကုန်စည်နှင့် ပက်သက်၍ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်တံဆိပ်များကိုလည်း ဈေးကွက်ရောက်ကုန်စည် များတွင် ထည့်သွင်းဖော်ပြရန်နှင့် MSMEs လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)