
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း Signal သွားတိုက်ဆေးအတုများ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ဇွန်လ(၂၄)ရက်နေ့၊ နေ့လယ်(၁၃:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန် ခံနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်း၍ စည်ပင်သာယာဈေးအတွင်း ရောင်းချနေသော အလှကုန်ဆိုင်များရှိ Signal အမှတ်တံဆိပ် သွားတိုက်ဆေးနှင့် စပ်လျဉ်း၍ အတုအပများ ရောင်းချနေခြင်းရှိ/မရှိနှင့် Signal အမှတ်တံဆိပ် ၁၅၀ ဂရမ်သွားတိုက် ဆေးအစစ်နှင့်အတုတို့၏ ကွာခြားချက်များကို ဆိုင်ပိုင်ရှင်များအား အသိပညာပေး ပြောကြားခဲ့ပြီး ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ရောင်းချခြင်း မပြုလုပ်ကြရန် ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)