“ တွံတေးမြို့နယ်ဈေးကွက်အတွင်း Signal သွားတိုက်ဆေးအတုများဖြန့်ဖြူးရောင်းချနေခြင်း ရှိ/မရှိကွင်းဆင်းစစ်ဆေး”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်း Signal သွားတိုက်ဆေးအတုများ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိအား စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးစည်ပင်သာယာဈေးအတွင်း/အပြင်ရှိ ဈေးဆိုင်များသို့ ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ် (၁၁:၃၀)အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဒလမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ကမာကဆစ် စည်ပင်သာယာဈေးတာဝန်ခံနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်တို့ပူးပေါင်း၍ ကမာကဆစ်စည်ပင်သာယာဈေးအတွင်း သွားတိုက်ဆေး ရောင်းချနေသော ကုန်စုံဆိုင်များနှင့် အလှကုန်ဆိုင်များတွင်  Signal အမှတ်တံဆိပ် (၁၅၀)ဂရမ်ပါ သွားတိုက်ဆေးနှင့် စပ်လျဉ်း၍ အတုအပများ ရောင်းချနေခြင်းရှိ/မရှိနှင့် Signal အမှတ်တံဆိပ် (၁၅၀)ဂရမ်ပါ သွားတိုက်ဆေးအတုများ ဝယ်ယူဖြန့်ဖြူး ရောင်းချခြင်းမပြုလုပ်ကြရန်၊  အဆိုပါ ကုန်ပစ္စည်းတို့ အတုအစစ် မတူညီမှုများအား ဆိုင်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)