“ပြည်တော်သာရပ်ကွက်အခြေခံပညာမူလတန်းကျောင်းရှေ့တွင် ဈေးရောင်းချသူများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ”

Powered by Drupal

     ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီး ဌာနရုံး အစည်းအဝေးအခန်းမ၌ ဇွန်လ(၂၅)ရက်နေ့၊ နေ့လယ်(၁၂:၃၀)အချိန်တွင် ပြည်တော်သာ ရပ်ကွက် အခြေခံမူလတန်းကျောင်းရှေ့တွင် ဈေးရောင်းသူများနှင့် တွေ့ဆုံလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ အစည်းအဝေးတွင် ကော့မှူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးမင်းက ဈေးရောင်းချနေသော ဈေးသူ/ဈေးသားများ အနေဖြင့် မိမိတို့ ရောင်းချလျက်ရှိသော နေရာသည် ပြည်တော်သာရပ်ကွက်၏ အခြေခံပညာ မူလတန်းကျောင်းရှေ့ မျက်စာနှင့် ရပ်ကွက်ဓမ္မာရုံနှစ်ခု ကြား ပြည်တော်သာ (၁)လမ်းမ၏ ဘေးဝဲယာတွင် ဖြစ်နေသောကြောင့် ယခုအချိန်အခါသည် ကော့မှူးမြို့နယ် ရပ်ကွက်/ကျေးရွာ(၆၂)အုပ်စုရှိ စာသင်ကျောင်းများအားလုံး ဥပဓိရုပ် ကောင်းမွန်စေရေးနှင့် သန့်ရှင်းသာယာလှပစေရေးတို့အတွက် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူ များအား အဖွဲ့များဖွဲ့စည်း၍ တာဝန်ပေးအပ်ထားပြီး သက်ဆိုင်ရာ စာသင်ကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရပ်ကွက်ဓမ္မာရုံ အနေဖြင့်လည်း ဝါတွင်းကာလတွင် သံဃာဆွမ်းလောင်းလှူတန်းမှုများ ဆောင်ရွက်ကြတော့မည် ဖြစ်သောကြောင့် စာသင်ကျောင်း ဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ သံဃာတော်များ ဆွမ်းလောင်းလှူတန်းမည့် အလှူရှင်များ၊ ရပ်ကွက်နေ ပြည်သူ များ အဆင်ပြေစွာ ဖြတ်သန်းနိုင်စေရေးတို့အတွက် ဈေးရောင်းချသူများ အနေဖြင့် သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများမှ စီစဉ်ပေးထားသော နေရာတွင် ပြောင်း ရွှေ့ပြီး ပျံကျဈေးတန်း ဖွင့်လှစ်ရောင်းချပေးကြရန် ဆွေးနွေးပြောကြားခဲ့ပြီး အစည်းအဝေး တက်ရောက်လာသူများ၏ မေးမြန်းချက်များအား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ အပြန် အလှန် ဖြေရှင်းပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)