
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ထမ္မနိုင်ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ဇွန်လ(၂၄)ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ဈေးကွက်ကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ထမ္မနိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစန်းလွင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ကော့မှူးမြို့နယ်တာဝန်ခံ ဦးတင်မင်းက ထမ္မနိုင်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေး ဥပဒေကို (၂၀၁၉)ခုနှစ် မတ်လ(၁၅)ရက်တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေ အမှတ်(၉)အရ အတည်ပြုပြဌာန်းလိုက်ကြောင်း၊ ဤဥပဒေတွင် ပါရှိသော စားသုံးသူကာကွယ်ရေး ဆိုသည်မှာ ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူ၏ အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့် ကော်မတီ အဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့်မျှတမှုရှိသော လုပ်ငန်းစဉ်များ၊ စားသုံးသူဆို သော အဓိပ္ပါယ်ဖော်ပြချက်၊ စီးပွားရေးလုပ်ငန်းရှင်ဆိုသော အဓိပ္ပါယ်ဖော်ပြချက်များ၊ ဥပဒေ၏ ရည်ရွယ်ချက်များထဲမှ စားသုံးသူအခွင့်အရေးများ အပြည့်အဝ ရရှိနိုင်စေရန် အသိပညာပေးလုပ် ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်၊ တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက် အလက်များ ဖြန့်ဝေအသိပေးခြင်းဆိုင်ရာအချက်များအား စားသုံးသူရေးရာဦးစီးဌာန အနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း ဥပဒေတွင် ပါဝင်သော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ကုန်စည် (သို့မဟုတ်)ကုန်စည်ထုတ်ပိုးနိုင်မှု အပြင်အဆင်ပေါ်တွင် စာသား ဖြင့်ရေးသားဖော်ပြရာတွင် သတ်မှတ်ထားသော အချက်များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြပါရှိ သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူသုံးစွဲကြရန် စားသုံးသူကာကွယ်ရေးဆိုင်ရာ အချက် များအား ရှင်းလင်းဟောပြောခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)