ညောင်တုန်းမြို့နယ် အခြေခံစားသောက်ကုန် ဈေးနှုန်း အနည်းငယ်ကျဆင်း လျက်ရှိ

Powered by Drupal

(၂၆-၆-၂၀၂၅) ရက်နေ့၊ နံနက်(၀၈:၃၀) အချိန်က ညောင်တုန်းမြို့ပေါ်ရပ်ကွက် များရှိ အခြေခံစားသောက်ကုန် ရောင်းချသော ကုန်မျိုးစုံဆိုင် (၁၅) ဆိုင်ရှိ ကုန်စည်များ ဈေးနှုန်း နည်ငြိမ်လျက်ရှိကြောင်း သိရပြီး မြို့နယ် ကုန်ဈေးနှုန်း စာရင်းများကို အပါတ်စဉ် ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြလျက်ရှိသည်။
ညောင်တုန်း မြို့နယ်တွင်း ရောင်းချလျက်ရှိသော အခြေခံစား သောက်ကုန် များဖြစ်သည့် ဆန်(မနောသုခ) ၁ပြည် ၃၃၀၀ကျပ်၊ စားအုန်းဆီ ၁ပိဿာ ၆၅၁၀ကျပ်၊ ဆား၊ ၁ပိဿာ ၁၆၀၀ကျပ်၊ ငါးငပိ ၁ပိဿာ ၁၅၀၀၀ကျပ်၊ ကုလားပဲ ၁ပိဿာ ၆၃၀၀ကျပ်၊ အားလူး အလတ်စား ၁ပိဿာ ၄၀၀၀ကျပ်၊ ငရုတ်ခြောက် ၁ပိဿာ ၉၀၀၀ကျပ်၊ ကြက်သွန်နီ အလတ်စား ၁ပိဿာ ၁၈၀၀ကျပ်၊ ကြက်သွန်ဖြူရှမ်းစ ၁ပိဿာ ၁၀၀၀၀ကျပ်၊ ဖြင့်ရောင်းချနေကြောင်း သိရသည်။
သားငါးဈေးအနေဖြင့် ဆိတ်သား အသား၁ပိဿာ ၂၉၅၀၀ကျပ်၊ အရိုးအသား ၂၆၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ အရိုးအသား ၂၂၀၀၀ကျပ်၊ အသား ၂၃၄၀၀ကျပ်၊ အမဲသား ၁၈၀၀၀၊ ၁၉၈၀၀ကျပ်၊ ငါးမြစ်ချင်း ခုတ်သား ၁ပိဿာ ၁၀၀၀၀ကျပ်၊ ကြက်ဗမာ ၁ပိဿာ ၃၀၀၀၀ကျပ်၊ စီပီကြက် ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်လဈေးနှုန်း နှိုင်းယှဉ်ပါက ကြက်သွန်နီ ၄၀၀ကျပ်ကျဆင်း၊ ကြက်သွန်ဖြူ ၂၀၀၀ကျပ် ကဆင်း၊ အာလူး ၅၀၀ကျပ် ကျဆင်း၊ စီပီကြက် ၄၀၀၀ကျပ်၊ ဝက်သား ၁၄၀၀ကျပ် ငါးမြစ်ချင်း ၂၀၀၀ကျပ် ဈေးမြှင့်တက်ပြီး ကျန်ကုန်စည်များ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း စိစစ်တွေ့ရှိရသည်။
DOCA(ဧရာဝတီ)