
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးနှင့် ဒေါ်အေးစန္ဒာထွန်း တို့သည် ၂၆.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်က အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ကျောင်းသို့ သွားရောက်၍ ကျောင်းသား/ သူများ အား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူး က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ အကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ အကြောင်း၊ စားသုံးသူများနစ်နာဆုံးရှုံးမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်ကြောင်းနှင့် တိုင်ကြားမှုပုံစံများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြီး ဆက်လက်၍ ဒေါ်အေးစန္ဒာထွန်း အကြီးတန်းစာရေးက စားသုံးသူကာကွယ်ရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ အသိပညာများကို သိရှိနိုင်ရန် ဥပမာပေး Vedio Shopများဖြင့် အသိပညာပေးဟောပြောခဲ့ပြီး ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြ တိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များ အကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်းနှင့် စားသုံးသူသတင်းပြန်ကြား ရေးနှင့် တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူ(၁၈၀)ဦး ဆရာ/မ(၇) ဦးစုစုပေါင်း (၁၈၇)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။
DOCA(ဧရာဝတီ)