ညောင်တုန်းမြို့ အ.ထ.က. ခွဲ ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချသော မုန့်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၄.၆.၂၀၂၅ ရက်နေ့ နံနက်(၁၁:၀၀)အချိန်တွင် စားသုံးသူရေးရာဦး စီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်၊ ဒု-ဦး စီးမှူးနှင့်တန်ထမ်း(၁)ဦး တို့သည် ညောင်တုန်းမြို့နယ်၊ အ.ထ.က ခွဲ ကျောင်း တွင် ရောင်းချနေသော အစားအသောက်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် အ.ထ.က ခွဲ ကျောင်းမုန့်ဈေးတာဝန်ခံများ၊ ကျောင်းစာရေးများ၊ ကျောင်းမှ ဆရာမများက ပူးပေါင်းပါဝင်လျက် ရောင်းချ နေသော လေဖောင်းမုန့်များ၊ အချိုရည်ဗူးများ၊ ပေါင်မုန့်မျိုးစုံနှင့် ဝေဖာချောင်းများတွင် စားသုံးသူ ကာကွယ်ရေးဥပဒေတွင်ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာအချက်များနှင့် ကိုက်ညီပြည့်စုံမှုရှိပြီး မြန်မာမုန့်များလည်း ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး ယဉ်မနားစေရန် ဂရုပြုရောင်းချရန် ဆိုင်ရှင်များအား မှာကြားပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါ ဥပဒေများ အကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များအကြောင်းနှင့် မိမိဌာနမှဆောင်ရွက် နေသည့်လုပ်ငန်းများအကြောင်းတို့ကို အသိပညာပေးဆွေးနွေး ခဲ့ပြီး လက်ကမ်းစာစောင်များ လည်းဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)