
ဓနုဖြူမြို့နယ်၌ စျေးကွက်အတွင်း " Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို (၂၄-၆-၂၀၂၅)ရက်နေ့ နံနက်(၁၀)နာရီက ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဓနုဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဦးဝင်းမင်းစိုးနှင့် တာဝန်ရှိသူအသီးသီးတို့က စျေးကွက်အတွင်းတွင် "Signal သွားတိုက် ဆေးအတု"များရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးကြရာ အဆိုပါစျေးကွက်အတွင်း "Signal သွားတိုက်ဆေးအတု"များ ရောင်းချခြင်း မတွေ့ရှိရဘဲ Unilever EAC Myanmar ကုမ္ပဏီကိုယ်စားလှယ်ထံမှ မှာယူရရှိသော ကုန်ညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော " Signal သွားတိုက်ဆေး"အစစ်များသာ ရောင်းချနေကြောင်းကွင်းဆင်းစစ်ဆေးချက်အရ သိရသည် ။
DOCA(ဧရာဝတီ)