ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှု ဌာနစု(လှည်းကူး)ရှိ ဓာတ်ခွဲခန်း အလိုက် ဇွန်လအတွင်း ဓာတ်ခွဲစမ်းသပ်ဆောင်ရွက်ခဲ့မှု အခြေအနေ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲ ရေးဌာနခွဲ၊ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစု (လှည်းကူး) ၏ ဓာတ်ခွဲခန်းများမှ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လုပ်ငန်းရှင်ပေါင်း ၅၁ ဦးက အပ်နှံလာသော သီးနှံ အမျိုးအစား ၁၄ မျိုး၊ စုစုပေါင်းနမူနာအရေအတွက် ၁၁၁ ခု၊ ဓာတ်ခွဲစမ်းသပ်မှုပေါင်း ၂၇၀ ခုကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ပါသည်။

    ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း လယ်ယာထွက်ကုန်ပို့ကုန်များအား တရုတ်၊ ဂျပန်၊ ပါကစ္စတန်၊ အီတလီ၊ စပိန်၊ ဂျာမဏီ၊ ဖိလစ်ပိုင်၊ ခရိုအေးရှားနှင့် ပြင်သစ်နိုင်ငံတို့သို့ တင်ပို့နိုင်ရေး အတွက် စပါး၊ ဂျုံစေ့၊ နှမ်းနက်(သိပ္ပံ)၊ ဆန်ဖြူ၊ ဆန်ကွဲ၊ ပဲယင်း၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ပဲစဉ်းငုံဖြူ၊ ပဲစာဥ၊ ပဲလွန်း၊ ပေါင်းဆန်၊ မတ်ပဲ တို့တွင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါရှိမှု၊ မှိုဆိပ်ပါရှိမှု၊ သီးနှံဓာတု အရည်အသွေးနှင့် သီးနှံရူပအရည်အသွေးစသည့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကိုလည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းလာသည့် စားအုန်းဆီများ၏ အရည်အသွေးများကိုလည်းကောင်း ဓာတ်ခွဲစမ်းသပ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ဓာတ်ခွဲခန်းအလိုက် ဓာတ်ခွဲစမ်းသပ်မှုအနေဖြင့် ပိုးသတ်ဆေးဓာတ်ကြွင်းဓာတ်ခွဲခန်းမှ ၇၃ ခု၊  မှိုဆိပ်ဓာတ်ခွဲခန်းမှ ၈ ခု၊ ဆီနှင့်ဆီထွက်သီးနှံဓာတ်ခွဲခန်းမှ ၁၄၁ ခု၊ သီးနှံဓာတု ဓာတ်ခွဲခန်းမှ ၃၈ ခု၊ သီးနှံရူပဓာတ်ခွဲခန်းမှ  ၁၀ ခု၊ စုစုပေါင်းဓာတ်ခွဲစမ်းသပ်မှု ၂၇၀ ခု ဆောင်ရွက်နိုင်ခဲ့ပါသည်။