ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန ၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ (၂၃-၆-၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် ဟင်္သာတမြို့နယ်အတွင်းရှိ ဘိလပ်မြေ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ တို့အား ကွင်း ဆင်းစစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ဟင်္သာတမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်(၃)ဆိုင်အား သွားရောက်စစ်ဆေးခဲ့ရာ စစ်ဆေးတွေ့ရှိ ချက်များအရ အိမ်ဆောက်ရာတွင်အသုံးပြုသော ဘိလပ်မြေ၊သွပ်၊ သံ၊ ကျောက်၊ အုတ်၊ သဲပစ္စည်းများ အား ဝယ်ယူရရှိသည့် ဈေးပေါ်မူတည်၍ သယ်ယူစရိတ်၊ လုပ်သားခအပါအဝင် သင့်တင့်မျှတသော ဈေးဖြင့်သာ ရောင်းချလျက်ရှိပါသည်။ ဟင်္သာတမြို့နယ်တွင် ဘိလပ်မြေအဝင်ရှိသော်လည်း ခွဲတမ်း အရ အနည်းငယ်သာကျန်ရှိပြီး ပြည်သူများအား အချိုးကျရောင်းချပေးနေကြောင်းနှင့် ပစ္စည်း များလို သလောက် ရောင်းချမပေးနိုင်သော်လည်း မိမိတို့၏အစီအစဉ် အဆက်အသွယ်များမှတစ်ဆင့် မှာယူ ပြီး လုပ်ငန်းများတွင် သုံးစွဲနေကြောင်း၊ ဈေးနှုန်းအနေဖြင့် ကြံနှစ်ကောင် တစ်အိတ်လျှင် (၃၀၀၀ဝိ/-) ကျပ်၊ ထိုင်းဆင် တစ်အိတ်လျှင်(၃၀၀၀ဝိ/-)ကျပ်၊ Alphaတစ်အိတ်လျှင်(၃၁၀၀ဝိ/-)ကျပ်၊ Crown တစ်အိတ်လျှင်(၂၉၀၀ဝိ/-)ကျပ်၊ အုတ်တစ်လုံးလျှင်(၃၀ဝိ/-)ကျပ်၊ ၄မူးသံတစ်တန်လျှင်(၂၅၀၀၀၀ဝိ/) ကျပ် ၊ မြစ်ကျောက် တစ်ကျင်းလျှင် (၁၅၀၀၀ဝိ/-)ကျပ်ဈေးတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်ကာလတူဈေးနှုန်းနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)