ဇလွန်မြို့နယ် Signal သွားတိုက်ဆေးထုတ်ကုန်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ (၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်တွင် ဇလွန်မြို့မဈေးအတွင်း‌ရှိ စတိုးဆိုင်များ၊ ကုန်မျိုးစုံအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆစ်ဂနယ် သွားတိုက်ဆေးထုတ်ကုန်များ အား တုပရောင်းချမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန် အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆစ်ဂနယ် သွားတိုက်ဆေး ထုတ်ကုန်နှင့် တုပထုတ် လုပ်သော ကုန်စည်များ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး၊ ဆစ်ဂနယ် ထုတ်ကုန်အစစ်နှင့် အတုအပ ကွားခြားမှု ဖော်ပြချက်ဖြစ်သော အမှတ်တံဆိပ်အရောင်၊ သွားတိုက်ဆေးဘူး အောက်ဖက်အပိတ် နေရာ၊ ဘူးအပေါ် တွင် ရိုက်နှိပ်ထားသော လူမျက်နှာအရောင်၊ သွားတိုက် ဆေးအနှစ်အရောင် နှင့် ဂျပ်ဖာပုံစံ တို့ကို အသေးစိတ်စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်း အတုအပ ကုန်စည်များ ရောင်းချမှု မရှိကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန် ကြော်ငြာထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည်စုံစွာ ဖော်ပြ ထားသော ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့် စီးပွားရေး လုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက် ပို၍ တွဲလျက် ဖြစ်စေ၊ ရေးသားဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရမည်ဖြစ်ကြောင်း အသိပညာ ပေးပြောကြားခဲ့ပြီး ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA (ဧရာဝတီ)