ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့၊ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါ သည်။     

       စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင်ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)