ပဲစင်းငုံစျေးနှုန်းစျေးကွက်

Powered by Drupal

   မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ထွက်သည့်ပဲစင်းငုံသီးနှံများ ဝင်ရောက်လျက်ရှိကြောင်း သိရ ပါသည်။ ပဲစင်းငုံမှာ ပြည်တွင်းစားသုံးမှုနည်းပြီး ပြည်ပသို့တင်ပို့ ရောင်းချသည့် ပဲတစ်မျိုးဖြစ် ပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် ပဲမျိုးစုံစိုက်ပျိုးမှုများပြားပြီး၊ ၃၁.၁.၂၀၂၅ ရက်နေ့ အထိ  ၂၀၂၄-၂၀၂၅ ခုနှစ် ပဲစင်းငုံသီးနှံ စိုက်ပျိုးမှု(၃၈၀၀၇၇)ဧက၊ ရိတ်သိမ်း(၃၁၁၀၀၇)ဧက၊ အထွက်နှုန်း (၉.၃၃)တင်း နှင့်အထွက် (၂၉၀၁၃၃၃)တင်းဖြစ်ကြောင်း သိရပါသည်။ ပဲစင်းငုံကို ပြည်တွင်း၌ အသားများနှင့်တွဲ၍ ပဲဟင်း၊ ပဲနှပ်၊ ပဲကြော်၊ ပဲပြုတ်၊ ပဲသီးစိမ်းပြုတ်၊ ပဲကြာဇံ၊ ပဲစင်းငုံနှင့် ပြုလုပ် သည့်မုန့်များအဖြစ် စားသုံးကြပြီး၊ပဲစင်းငုံအား ကိုယ်အရောင်ကျစေရန်စားသုံးကြကြောင်း သိရပါ သည်။ပဲစင်းငုံအခွံအမှော်များကို တိရိစ္ဆာန်အစာအဖြစ်အသုံးပြုခြင်း၊ပဲစင်းငုံအရိုးများကို ခြံစည်းရိုး သဖွယ်ကာရံခြင်း နှင့်တံမျက်စည်းအဖြစ်အသုံးပြုကြကြောင်း သိရပါသည်။မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ် လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ်အိတ်လျှင်ပဲစင်းငုံ(နီ) ၂၆၄၀၀၀ကျပ်နှင့် ၂၆၅၀၀၀ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၂၅၅၀၀၀ ကျပ်၊တစ်ပိဿာပေါက်စျေးမှာ ပဲစင်းငုံ(နီ) ၄၄၀၀ ကျပ် နှင့်၄၄၁၇ ကျပ်၊ ပဲစင်းငုံ(ဖြူ) ၄၂၅၀ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူပေါက်စျေးမှာ ၃တင်း ဝင်တစ်အိတ်လျှင် ပဲစင်းငုံ(နီ) ၄၃၅၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ပဲစင်းငုံ(နီ)၇၂၅၀ ကျပ်၊ ယခင် နှစ်စျေးနှင့်ယခုနှစ်နှိုင်းယှဉ်ပါက ပဲစင်းငုံသီးနှံပေါက်စျေးမှာ လျော့နည်းသွားကြောင်း တွေ့ရှိရ ပါသည်။ ပဲစင်းငုံဝင်ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက် ပေါက်စျေးအနည်းငယ် ပြောင်းလဲမှု ရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)