မန္တလေးပဲပုတ်စျေးနှုန်းစျေးကွက်

Powered by Drupal

   ပြည်တွင်းစားသုံးမှုများပြားခြင်းနှင့် ပြည်ပတင်ပို့သည့် ပဲပုတ်မှာ မန္တလေးစျေးကွက်သို့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင် ပြည်နယ်တို့မှဝင်ရောက်ကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ်အပါအဝင် ပဲမျိုးစုံစိုက်ပျိုးမှု (၁၀၁၉၄၇၇) ဧကဖြစ်ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ ကုန်သည်၊ စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ တတိယပတ်အတွင်း ပေါက်စျေး မှာ ၃တင်း ဝင်တစ်အိတ်လျှင် ပဲပုတ်(ရှမ်း) ၂၇၀၀၀၀ ကျပ်နှင့် ၂၇၅၀၀၀ ကျပ်၊ပဲပုတ်(ဗမာ) ၄၁၅၀၀၀ ကျပ်၊ တစ်ပိဿာ ပေါက်စျေး မှာ ပဲပုတ်(ရှမ်း) ၅၀၇၀ ကျပ်နှင့် ၅၃၉၉ ကျပ်၊ပဲပုတ်(ဗမာ) ၇၇၉၃ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ ယခင်နှစ်ကာလတူ တစ်ပိဿာစျေးမှာ ပဲပုတ် (ရှမ်း) ၃၇၅၆ ကျပ်နှင့် ၄၁၃၂ ကျပ်၊ ပဲပုတ်(ဗမာ) ၃၇၅၆ ကျပ်နှင့် ၃၉၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။  ယခုနှစ်နှင့် ယခင်နှစ်ကာလတူပေါက် စျေးနှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ပဲပုတ်(ရှမ်း) ၁၂၆၇ ကျပ်စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)