ကျိုက်ထိုမြို့နယ်၌ Signal အမှတ်တံဆိပ်ကုန်ပစ္စည်းအတု ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂၄.၆.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော Signal Cavity Fighter Toothpaste 150g သွားတိုက်ဆေးနှင့်စပ်လျဉ်း၍ ကုန်စည်အတုများ ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်၊ ရှမ်းဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော Signal Cavity Fighter Toothpaste 150g သွားတိုက်ဆေးနှင့်စပ်လျဉ်း၍ ကုန်စည်အတုများ ဈေးကွက်အတွင်းရောင်းချခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)